Posts

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

Image
စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာတာ။ စစ်ကောင်စီဘက်က မြေပြင်တိုက်ပွဲမှာ- #ပိုင်မှလုပ်တဲ့ဗျူဟာစနစ်ကျင့်သုံးလာတာကို (25.6.23)နေ့ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာမှာ PDFစခန်းတစ်ခု စီးနင်းခံရပြီး တော်လှန်ရေးသမား(17)ဦး အသက်စွန့်ခဲ့ရတာတွေကြည့်ခြင်းအားဖြစ်သိရနိုင်ပါတယ်။ နောက်တစ်ချက်(28.6.23)နေ့ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းပေါ်က စဉ့်ကိုင်နဲ့တလိုင်းကျွန်းရွာအနီး စခစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF (14)ဦး အသက်စွန့်ခဲ့ရတယ်။ဒါတွေဟာ စစ်ကောင်စီဘက်က ပိုင်မှလုပ်တဲ့နည်ူဗျူဟာစနစ်ကို ကျင့်သုံးလာတာကို တွေရပါတယ်။ Dead bodyတွေကြည့်ရသလောက် တပြိုင်နက်ထဲ စုပြုံချေမှုန်းခံရတဲ့ အနေအထားပဲ။နောက်တစ်ချက်က နမခတိုင်းမှူးကို နေပြည်တော်ခေါ်ယူပြီးနောက် ကစထမှူး တေဇာကျော်ကိုယ်တိုင် နမခဇုန်ကို ဆင်းပြီး ကိုင်တွယ်နေတယ်ဆိုတဲ့ သတင်းလည်း ကြားသိရတယ်။ (ကစထမှူးဆိုတာ စစ်တိုင်းမှူးသုံး၊လေးဦးရဲ့အထက်က အမိန့်ပေးနေတဲ့ commander ပါပဲ။ ကစထ(1)မှာ နမခ၊ လပခနဲ့ မပခ စစ်တိုင်းမှူးသုံးဦးကို ကစထမှူး ဒုဗမကတေဇာကျော်က ကိုင်ထားတယ်)။ ဒါ့အပြင် ပုလဲနယ်အနောက်ခြမ်းက Air Strike တိုက်ခိုက်မှု၊ ဟားခါးမြို့နယ် သီးမစ်လွင်ပြင်စစ်ဆင်ရေး

စစ်ကောင်စီကို ဘဏ္ဍာရေး အကြံပေးနေကြသူများ

Image
၁။ ဦးမင်းဝင့်ဦး ရာထူး - မန်နေဂျင်း ဒါရိုက်တာ (AYA Bank) ရုံးချုပ်လိပ်စာ - အမှတ် ၄၁၆၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ၂။ ဦးမြင့်ဇော် ရာထူး - အမှုဆောင်အရာရှိချုပ် (AYA Bank) ရုံးချုပ်လိပ်စာ - အမှတ် ၄၁၆၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ၃။ ဦးဇော်လင်းထွဋ် ရာထူး - ဒုဥက္ကဌ (A Bank) ရုံးချုပ်လိပ်စာ -  အမှတ် ၁၀၈၊ ကမ္ဘာအေး ဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ၄။ ဦးကျော်စိုးလင်း ရာထူး - အမှုဆောင်အရာရှိချုပ် (Yoma Bank) ရုံးချုပ်လိပ်စာ - အမှတ် ၁၄၊ ကျိုက်ခေါက် ဘုရားလမ်း၊ စတားစီးတီး၊ သန်လျင်မြို့နယ်၊ ရန်ကုန်။ အထက်ပါ ပုဂ္ဂိုလ်များသည် နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူခြင်း ခံထားရသော မင်းအောင်လှိုင်၏ စစ်ကောင်စီကို ဘဏ်စနစ်နှင့် ဘဏ္ဍာရေး ဆိုင်ရာ အကြံဥာဏ်များ ပေးနေကြသည့် သူများ ဖြစ်ကြပါသည်။ သို့သော် အဆိုပါ ပုဂ္ဂိုလ်များထဲတွင် တော်လှန်ရေးကို ကူညီခဲ့ဖူးသူများ ပါဝင်နေသည်ကို ထောက်ရှူ၍ နောက်ဆုံး အကြိမ် အဖြစ် ပြင်းထန်စွာ သတိပေး လိုက်ပါသည်။  နောင်တွင် စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နေပါက ထိုက်သင့်သည့် အရေးယူ မှုများ ပြုလုပ်သွားမည် ဖြစ်ကြေ

ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း

Image
ဇွန် ၂၆ အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားသမီးများ အကျိုးစီးပွားပက်သက်နေသည့် လက်နက်ပွဲစား ထွန်းမင်းလတ်၏လုပ်ငန်းစုနှင့် ဆက်နွယ် သော ကုမ္ပဏီသုံးခုအား  စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ပြန်တမ်းများတွင်ဖော်ပြထားသည်။ အဆိုပါ ကုမ္ပဏီသုံးခုသည် ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့် နယ်စပ်ဖြတ်ကျော်ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲခံထား ရသူ လက်နက်ပွဲစားထွန်းမင်းလတ်ချုပ်ကိုင်ထားသည့် Star Sapphire လုပ်ငန်းနှင့် ဆက်နွယ်နေသည့် Star Sapphire Phoenix co.,Ltd၊ Star Sapphire Dragon co.,Ltd နှင့် Royal Mawtaung Mining Co.,Ltd တို့ဖြစ်ကြသည်။ လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် စစ်အုပ်စုသားသမီးများ အကျိုးစီးပွားဆက်နွယ်နေသည့် ကုမ္ပဏီသုံးခု ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး အရင်းခံအကြောင်းအချက်အား သိရှိနိုင်ရန် ခက်ခဲသော်လည်း ၎င်းတို့အနေဖြင့် လုပ်ငန်းစုတခုလုံးနှင့် လူပုဂ္ဂိုလ်တဦးချင်းစီအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများအား ကြိုတင်ရှောင်တိမ်းရန်ကြိုးပမ်းမှုဖြစ်နိုင်ကြောင်း မြန်မာစစ်အုပ်စု၏ စီးပွားရေးအရင်းအမြစ်နှင့် လက်နက်ရောင်းဝယ်မှုများအပေါ် လေ့လာနေသည့် Justice For Myanmar အဖွဲ့မှ မရတနာမောင်ကပြောသည်။ ၎င်းက “ S

သာသနာ့ မြေ ၇ ဧက ကျော်ကို မင်းအောင်လှိုင် ပြန်မပေးဘဲ အဓမ္မ သိမ်းခဲ့မှု ဆရာတော့် အခေါင်းထမ်းရုံနဲ့ ကျေနိုင်ရိုးလား

Image
နိုင်ငံတော် သံဃာ မဟာနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ကမ္ဘာအေးသာသနာ့ မြေ ၇ ဧက ကျော်ကို မင်းအောင်လှိုင် ပြန်မပေးဘဲ အဓမ္မ သိမ်းခဲ့မှု ဆရာတော့် အခေါင်းထမ်းရုံနဲ့ ကျေနိုင်ရိုးလား By ရန်ကုန်ခေတ်သစ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မေလ ၂၅ ရက်နေ့မှာ ပျံလွန်တော်မူပြီး ဇွန်လ ၇ ရက်နေ့မှာ ဆရာတော်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးပြာတွေကို ဧရာ၀တီမြစ်ထဲမျှောလို့ ဈာပန အခမ်းအနား ပြီးစီးခဲ့ပါတယ်။  ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ မင်းအောင်လှိုင်က ဆရာတော်ကြီးရဲ့ အခေါင်းကို ထမ်းတာ ၊ ရုပ်ကလပ်ကို ရှစ်ခိုးတာတွေနဲ့ ဈာပနကို တက်ရောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုတွေ လုပ်ပေမယ့်လည်း မင်းအောင်လှိုင်က ဆရာတော်ကြီးဆီကနေ သာသနာ့မြေ လုယူ သိမ်းဆည်းခဲ့တဲ့ အပြစ်ကိုတော့ ကျေနိုင်မှာ မဟုတ်ပါဘူး။  ကမ္ဘာအေး သာသနာ့မြေထဲက  မြေဧက ၇ ဒသမ ၃၀၉ ကို မင်းအောင်လှိုင်ရဲ့ စစ်တပ်က သိမ်းယူခဲ့ပါတယ်။ ဆရာတော်ကြီးက သာသနာ့မြေကို ပြန်ပေးဖို့ စာရေးပြီး တောင်းဆိုပေမယ့်လည်း မင်းအောင်လှိုင်က ပြန်မပေးတဲ့ အပြင် ဆရာတော်ကြီးကိုပါ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်ခဲ့ပါသေးတယ်။  ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာတော့ သူမဟုတ်တဲ့အလား မ

ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်

Image
အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူ အဖြစ် စစ်တပ်၏ စွပ်စွဲ ဖမ်းဆီးခံထားရသော ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ် ■ ထန်းတပင်မြို့နယ် မဘသ ဒုဥက္ကဋ္ဌ လူမိုက် ပျူစောထီး နိုင်ကြီးအဖွဲ့က သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်ခဲ့  ရန်ကုန်၊ ဇွန် ၇  ရန်ကုန်တိုင်း၊ ရန်ကင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ယမန်နေ့ညပိုင်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်၊ မဘသအသိုင်းအဝိုင်းနှင့် စစ်ဘက်သတင်းရင်းမြစ် တချို့ထံမှ သိရှိရသည်။  မေလ ၃၀ ရက်နေ့တွင် အမျိုးသားရေး အမည်ခံ အစွန်းရောက် လီလီနိုင်ကျော် ပစ်သတ်ခံရပြီးနောက် ဇွန်လ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ(ခ) အီးတီတို့ကို လုပ်ကြံ သတ်ဖြတ်သူများအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာ

အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

Image
ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးသူ၊ မဘသနှင့်အမျိုးသားရေး အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရာမှ သေဆုံး ရန်ကုန်၊ မေ ၃၀ ခေတ်သစ် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်တွင် စစ်တပ်ထောက်ခံပြီး ထိပ်တန်း စစ်ဗိုလ် ချုပ် များနှင့်ရင်းနှီးသူ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ  မဘသနှင့် အမျိုးသားရေး အစွန်းရောက် အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရာမှ သေဆုံးသွားကြောင်း သိရှိရသည်။   မေလ ၂၉ရက် ည ၇ နာရီအချိန်   ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင် လမ်း၊ တိုက်အမှတ်၂၆၅ နေထိုင်သူ စစ်တပ်ထောက်ခံသူ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက် အဖွဲ့ဝင် လီလီနိုင်ကျော်ကို  မြိုပြပျောက်ကြားတပ် ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း၊ လီလီနိုင်ကျော်သည်   စစ်ကောင်စီ ၏ စစ်ခေါင်း ဆောင်ပိုင်းများနှင့်ထဲထဲဝင်ဝင် ရင်းနှီးသူဖြစ်ပြီး တော်လှန်ရေးရဲဘော်များ၏ သတင်းအချက်လက်များနှင့် တော်လှန်ရေး လှုပ်ရှား မှုများကို စစ်တပ်အတွက် စုံစမ်းထောက်လှမ်းပေးသူဖြစ်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။  "ပစ်ခတ်ခံရတဲ့အချိန်ကတည်းက မေးစေ့နဲ့ နားထင် (ခေါင်း)ကို ဖောက်ထွက်သ

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ

Image
ဟိုးတုန်းကတော့ ရန်ကုန်ဟာ  ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့  ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။  အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက  ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။  ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော  ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ  ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။  မွန်ဝေါဟာရအရ ကုန်းမြင့်ပေါ်က စေတီ လို့  အဓိပ္ပါယ်ရပါတယ်။ ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ  ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍  စတင်ပြောင်းလဲခဲ့ပါတယ်။  အဲဒီနောက် ကုန်းဘောင်ခေတ် ၊  ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး  ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ  မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့  အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။  ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊  စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့  ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။  ထိုမြို့တွေရဲ့အမည် ဟာ ဘယ်ကနေ  ဖြစ်ပေါ်လာပါသလဲ။ အများစုကတော့ မွန်နာမည်  အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။  မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ်  မျှဝေလိုက်ပါတယ်။ ကမာရွတ် -  မွန်ဘာသာ ဖြစ်ပြီး ကမာဆိုတာ ရေကန် ၊  ရွတ် ဆိုတာ ရတနာ ဖြစ်ပါတယ်။  ရတနာကန် ဆိုတဲ့ အဓိပ္ပါယ်ရပါတယ် အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့န

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား

Image
" မြန်မာပြည်သူတွေ၊ အထူးသဖြင့် မိုခါဆိုင်ကလုန်းကြောင့် အသက်အိုးအိမ် စည်းစိမ်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ကျနော် ဒီနေ့မှာ မျှဝေခံစားတဲ့ စိတ်အာရုံနဲ့အတူ မေတ္တာပို့ဆုမွန်ကောင်းတောင်းပါ တယ်။  မုန်တိုင်းဘေး ဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေကို လူသားချင်းစာနာတဲ့အကူအညီ တွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ကြားကာလ အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျနော်တောင်းဆိုပါတယ်။ သေရေး ရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းဘေးဒုက္ခသည် တွေ ကို ဦးစားပေးအနေနဲ့ ပထမဆုံး အထောက်အပံ့တွေပေးရမှာပါ။  ဒါဟာ ဝန်ကြီးချုပ် အသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ကျနော်ရဲ့ နိုင်ငံခြားရေး မူဝါဒအသစ်နဲ့ကိုက်ညီတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံ ရွေးကောက် ပွဲအနိုင်ရ  Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က ပြောဆိုသည်။  မြန်မာ့အရေးနှင့်ပတ်သက်ပြီး အရေးပါသည့် အင်အားစုတိုင်းက ဆက်သွယ်ညှိနှိုင်းရမည်ဖြစ်ပြီး လူသားဘ၀လုံခြုံရေး အခြေခံမူဝါဒဖြင့် ဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။  "မြန်မာနိုင်ငံဆိုင်ရာ ကျနော်ရဲ့ မူဝါဒဟာ လူသားဘ၀လုံခြုံရေး စဉ်းစားချက် အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့အ

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

Image
KNA| May 15,2023./နွေဦးဝေ မနေ့က ကျင်းပပြီးစီးသွားတဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ အသက်၄၂နှစ် ဟားဗတ်ကျောင်းဆင်း ပီတာလင်ဂျာရိုရန်ရတ် ဦးဆောင်တဲ့ Move Forward ပါတီက အမတ်နေရာ ၅၀၀မှာ လောလောဆယ် ၁၅၂ နေရာအထိ အနိုင်ရရှိ‌ထားပါတယ်။  ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ပေတုံတန်ရှင်နာ၀ပ်ရဲ့ ဖွေထိုင်းပါတီက လက်ရှိ ၁၄၈ နေရာနဲ့ ဒုတိယ၊ စစ်တပ်ကျောထောက်နောက်ခံပြု လက်ရှိ ၀န်ကြီးချုပ် ပရာယွတ်က အမတ်နေရာ ၄၀ နဲ့ အဆင့် ၄ နေရာ အသီးသီး ရပ်တည်နေပါတယ်။ ထိုင်းနိုင်ငံရေးမှာ စစ်တပ်ကြီးစိုးမှုကို ဆန့်ကျင်တဲ့ ဖွေထိုင်းပါတီနဲ့ Move For ward ရှေ့သို့ချီ ပါတီတို့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့ရမယ်လို့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရို ရန်ရတ်က ပြောပါတယ်။   လက်ရှိအခြေအနေအရ သူတို့နှစ်ပါတီပေါင်းပြီး ညွှန့်‌ပေါင်းအစိုးရ ဖွဲ့ဖို့‌ဖြစ်လာပေမယ့် ၊ဝန်ကြီးချုပ်နေရာရဖို့ အတွက်ကတော့ အောက်လွှတ်တော်အမတ် ၅၀၀အပြင်၊ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ကလဲ မဲပေးရမှာဖြစ်ပါတယ် ဒါကြောင့် စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်က အမတ်တွေရဲ့ မဲထည့်မတွက်ဘဲ ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းနိုင်ဖို့ အောက်လွှတ်တော် မဲ အနည်းဆုံး ၃၇၆မဲရဖ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

Image
ဆိုင်းမင်း/People's Spring အသက် ၇၄ နှစ်အရွယ် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြဟာ ဒီနေ့မှာ လွတ်ရက်စေ့လို့ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ ဒေါ်ဝင်းမြမြ ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတင် ဖမ်းဆီးကာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ချခဲ့တာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာတယ်လို့  မိသားစုနဲ့နီးစပ်သူတစ်ဦးပြောပြပါတယ်။ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က လျော့ရက်ရခဲ့လို့ သတ်မှတ်ရက်ထက်စောပြီးလွတ်လာတာလို့  အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ ဒေါ်ဝင်းမြမြဟာ NLD ပါတီ စတင်ထူထောင်ချိန်ကတည်းက ပါတီဝင်အဖြစ် ထောက်ခံအားပေးခဲ့သူဖြစ်ပြီး ယခင်စစ်အစိုးရ လက်ထက်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်  NLD ပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။